သတင်း နည်းပညာ ဆော့(စ်)ဝဲများ

Wednesday, December 24, 2014

ရုတ်တရက် သွေးနီရောင် ပြောင်းသွားတဲ့ မြစ်တစ်စင်း

တရုတ်နိုင်ငံ အရှေ့ဘက် ဇီကျန်ပြည်နယ် ကျန်မေ့ကျောင်းရွာအနီး မြစ်ထဲ က ရေတွေဟာ ထူးထူးဆန်း ဆန်း သွေးနီရောင်ကို ရုတ်တရက် ပြောင်းလဲသွားပါတယ်။

ဓာတ်ပုံ- China Newscom
ဇီကျန်းပြည်နယ် ဒေသခံတွေပြောတာကတော့ ပြီးခဲ့တဲ့ ကြာသပတေးနေ့ ပီကင်း စံတော်ချိန် မနက် ၅ နာရီ
လောက်က ပုံမှန်အတိုင်း ရှိတာမြင်ကြရပါတယ်တဲ့။ ဒါပေမယ့် အဲဒီနေ့ မနက် ၁ နာရီလောက် အတွင်း
သွေးနီရောင်ပြောင်းသွားတာပဲလို့ ဇူလိုင်လ ၂၅ ရက်နေ့ အေဘီစီသတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။

ဒေသခံတွေပြောတာက ထူးထူးဆန်းဆန်း အနံ့အသက်မျိုးလည်း လေထဲ ပျံ့နေတယ်လို့လည်း ပြောကြပါ တယ်။


“ရေက ပုံမှန်အတိုင်း ကြည်ကြည်လင်လင်ဆိုတော့ ကျနော်တို့လည်း ငါးဖမ်းဖို့ လုပ်တာပေါ့။ အဲဒီမှာ တကယ့်ကို ထူးဆန်းအံ့သြဖို့ ကောင်းတာဖြစ်လာတာဘဲ” လို့ ဒေသခံ ရွာသားတဦးက မှတ်ချက်ပေးထားပါ တယ်။

ဝမ်ကျောင် သဘာယ ပတ်ဝန်ကျင်ဆိုင်ရာ ထိန်းသိမ်းကာကွယ်ရေး ဗျူရိုက စုံစမ်းရေးမှူးတွေ ပြောတာ မှာတော့ အခုလို ရုတ်တရက်ဖြစ်သွားရတဲ့ အကြောင်းအရင်းကိုတော့ သူတို့ ရှာမတွေ့ရသေးဘူးလို့ ပြောပါ တယ်။

ဒါပေမယ့် ရေနမူနာတွေကို ယူပြီး စစ်ဆေးတဲ့အခါမှာတော့ သံသယဖြစ်စေတဲ့ အရောင်ဟာ မြစ် ထဲမှာ တရားမဝင် ဆိုးဆေး တွေ၊ စွန့်ပစ်ပစ္စည်းတွေ သွန်ကြတာရဲ့ အကျိုးဆက်လို့ ပြောပါတယ်။

“ကျတော်တို့ သံယယဖြစ်တာက တယောက်ယောက်က ဓာတုဆိုးဆေးတွေကို ရေထဲ စွန့်ပစ်လိုက်တာ
ဖြစ်နိုင်တယ်။ မနေ့ က လည်း တိုင်ဖုန်းမုန်းတိုင်းကြောင့် မိုးက တော်တော်သည်းတော့ ဘယ်သူမှ ဒါကို သတိထားမိမှာ မဟုတ်ဘူး ထင်ပြီး လုပ် လိုက်တာဖြစ်မယ်” လို့ ဝမ်ကျောင် သဘာယ ပတ်ဝန်ကျင်ဆိုင်ရာ ထိန်းသိမ်းကာကွယ်ရေး ဗျူရို အကြီးအကဲ ကျန်ဖန် ဂျောင်း က ပြောထားပါတယ်။

သူက ဆက်ပြောတာက မြစ်ရိုးတလျှောက် အစားအသောက် လုပ်ငန်း ကုမ္ပဏီတခုနဲ့ ယက္ကန်းရုံ တခု၊ စက္ကူစက်တခုလည်း ရှိတာကြောင့် ဒီကိစ္စကို ဗျူရိုအနေနဲ့ စုံစမ်းစစ်ဆေးနေတယ်လို့ ဆိုပါတယ်။

မှတ်ချက်။ ။ သတင်းမှာ ပါတဲ့ တကယ်တော့ အဲဒီ တရုတ် ဒသခံတွေ ပြောတဲ့ မြစ်ဆိုတာက မြန်မာ
နိုင်ငံ က ရေမြောင်း တခုလိုပါဘဲ။

ကမ်းခြေမှာ လမ်းလျှောက်နေသူ လေယာဉ်တိုက်မှု

အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါကမ်းခြေတခုမှာ အင်ဂျင်တလုံးတပ် လေယာဉ်တစီးက လမ်းလျှောက်နေသူ ၂ ဦးကို တိုက်မိလို့ ၁ ဦး သေဆုံး ၁ ဦး ဒဏ်ရာရသွားပါတယ်။


ဖလော်ရီဒါ ကမ်းခြေက လေယာဉ်တိုက်မှု မြင်ကွင်း၊ ဓာတ်ပုံ- NBC

ဖလော်ရီဒါ Venice မှာ ရှိတဲ့ Caspersen Beach မှာ လေယာဉ်ဆင်းသက်ရာမှာ လမ်းလျှောက်နေသူ ဖခင်နဲ့ သမီးတို့က ကမ်းခြေမှာ လမ်းလျှောက်နေချိန်ဖြစ်ပါတယ်။ လေယာဉ်က သူတို့ ၂ ဦးကို တိုက်မိရာ မှာ လမ်းလျှောက်နေ သူ ဖခင်ဖြစ်သူ သေဆုံးသွားပြီး သမီးဖြစ်သူကလည်း ဒဏ်ရာရသွားတယ်လို့ Sarasota County Sheriff ရဲ့ ပြောခွင့်ရ Wendy Rose က NBC သတင်းဌာနကို ပြောပါတယ်။

မနေ့က ဒေသစံတော်ချိန် ညနေ ၃ နာရီလောက်က လေယာဉ်တိုက်မှုကြောင့် ဒဏ်ရာရသွားတဲ့သမီး
ဖြစ်သူကို လည်း ရဟတ်ယာဉ်နဲ့ ကလေးဆေးရုံကို ခေါ်သွားပြီး ဒဏ်ရာပြင်းထန်တယ်လို့ ဆိုတယ်။

အခုလို လေယာဉ်တိုက်မှုနဲ့ လူသေဆုံး၊ ဒဏ်ရာရမှု ရှိတဲ့အတွက် အမျိုးသား ပို့ဆောင်ရေးဆိုင်ရာ လုံခြုံရေး ဘုတ်အဖွဲ့ ကလည်း စုံစမ်းစစ်ဆေးမှု လုပ်နေပြီလို့ သိရပါတယ်။

လေယာဉ်ပေါ်ပါတဲ့ လေယာဉ်မောင်းသူနဲ့ ခရီးသည်ကတော့ ဘာဒဏ်ရာမှ မရခဲ့ပါဘူး။

ဆိုင်ကယ်စီးလားရင်း လေယာဉ်တိုက်ခံလိုက်ရလို့ သေဆုံးသွားတဲ့ ဦးပြားလိုအဖြစ်ဆိုးမျိုး မြန်မာနိုင်ငံမှာပဲ ရှိတယ် ထင်ခဲ့ရတာပါ။ ဒါကြောင့် မြန်မာနိုင်ငံက လူတွေက ဆိုင်ကယ်စီးရင်း လေယာဉ်သတိထား လို့တောင် ပြောစမှတ်ရှိ ခဲ့ကြ တာပါ။

အခု ဒီသတင်းကြောင့် အမေရိကန်မှာလည်း ကမ်းခြေမှာ လမ်းလျှောက်ရင်း လေယာဉ်ပျံ ဝင်တိုက်မှာကို သတိထားရမယ် လို့ ပြောစမှတ်တွင်လာဖွယ် ရှိနေပါတယ်။

တိုးတက်ဖွံ့ဖြိုးလာတဲ့ခေတ်သစ်ကမ္ဘာမှာအဆောက်အဦးတွေကိုမှန်နဲ့အလှဆင်


တည်ဆောက်လာတာကမဆန်းပင်မယ့်အဆန်းဖြစ်တက်တာလေးတွေကိုတော့သတိထားမိဖို့အဖြစ်အပျက်လေး တစ်ခုကိုတင်ပြချင်ပါတယ်။ပြင်သစ်နိုင်ငံဘာလင်မြို့ကဟိုတယ်ကြီးတစ်လုံးမှာပါ။ဟိုတယ်ရဲ့နံရံတွေကိုမှန်တွေနဲ့ကာရံတည်
ဆောက်ထားခဲ့ပြီးအမှတ်မထင်ပဲအမြင်ကပြောင်းပြန်ဖြစ်လို့နေခဲ့ပါတယ်။အတွင်းကအပြင်ကိုမြင်ရပြီးအပြင်က အတွင်းကိုမမြင်ရမယ့်အစားအပြင်ကအတွင်းကိုဘွင်းဘွင်းကြီးမြင်ရလို့နေပါတယ်။တည်ဆောက်သူအင်ဂျင်နီယာကပဲမှားတာလားဟိုတယ်ရဲ့စတန့်ဒီဇိုင်းလားမသိရပင်မယ့်ကံဆိုးသူအမျိုးသမီးဧည့်သည်
တစ်ဦးကတော့အင်တာနက်ပေါ်ယခုလိုတင်ခံလိုက်ရပါတယ်။

အန်ကယ်ထွန်း Apk လေး တဲ့


ကဲ ဒီတစ်ခါတော့ ဘယ်သူကရုပ်ချောတယ်၊ ဘယ်သူကရုပ်ဆိုးတယ် ဆိုတာကို
ဓါတ်ပုံရိုက်ပြီး အဖြေမှန်ကို ဖေါ်ပြပေးမယ့် App လေးတစ်ခုနဲ့မိတ်ဆက်ပေးမယ်နော်
ကျွန်တော်ကတော့ ဓါတ်ပုံရိုက်ပြီးစမ်းပြီးသွားပြီ အဖြေမှန်က အခြေအနေမကောင်းလို့
မပြောပြတော့ဘူးနော်။ သူငယ်ချင်းတို့လည်းစမ်းချင်ရင်  ဒီမှာ  ဒေါင်းပြီးစမ်းလိုက်ဦးနော်

Tuesday, December 23, 2014

ပအိုဝ်း Ringtones လေးပါ


Android ဖုန်းတွေအတွက် အလွယ်သုံး ပအိုဝ်း Ringtones လေးတွေပါ
ပအိုဝ်း တေးသွားသံစဉ်လေးတွေနဲ့ Ringtones ပေါင်း (45) ခု ပါဝင်ပါတယ်
လိုအပ်သူများ အောက်ကလင့်မှာ ဒေါင်းယူနိုင်ပါတယ်




Android ဖုန်းများ Pattern/Pin/Password မေ့သွားရင်


အခုကျွန်တော်ပြောမယ့်နည်းက Computer မလိုတဲ့နည်းလေ။ ဒီအတိုင်းဆိုရင်တော့ User Data တွေပျက်မှာနော်။ အရေးကြီးတဲ့ User Data တွေရှိရင်တော့ ဆိုင်မှာသွားလုပ်ပေါ့။
အဲဒီမှာ ဆိုင်က ကျပ်ကျပ်တွေ အများကြီးတောင်းလာလိမ့်မယ်။ အဲကျရင်တော့ ကိုယ့်အိပ်ကပ်ထဲက ရှိသမျှ ကျပ်ကျပ်တွေ အကုန်လုံးပေးလိုက်ပေါ့။ စတာနော် ဟီး...ဟီး....
ကျွန်တော်လည်းဖုန်းပြင်နေတဲ့သူတစ်ယောက်ပဲ။ သွားစရာမလိုပါဘူး။ User Data တွေက အချိန်မရွေးပြန်ထည့်လို့ရတာပဲ။ ပြောရင်းနဲ့လေရှည်သွားပြီ။ ကဲ...စမယ်...စမယ်....
ပထဦးဆုံး မိမိတို့ရဲ့ဖုန်းကိုပါဝါပိတ်ပြီးဘက်ထရီဖြုတ်ထားလိုက်ပါ။ (၅) စက္ကန့်လောက်ပြည့်တာနဲ့ ဘက်ထရီပြန်တပ်ပြီး Volume(+) နဲ့ Power ခလုတ်ကိုပြိုင်တူနှိပ်ထားလိုက်ပါ...
Recovery Mode ထဲဝင်သွားပါလိုက်မယ်။ အဲဒီမှာ Volume ခလုတ်နဲ့ Wipe data / factory reset ကိုရွေးပြီး Power ခလုတ်နဲ့ဝင်လိုက်ပါ Yes -- delete all user ကိုတွေ့ပါလိုက်မယ်...
ရွေးလိုက်ပါ သူ့ဘာသာသူ အလုပ်လုပ်ပါလိမ့်မယ်။ ပြီးသွားရင်တော့ Reboot system now ကိုရွေးလိုက်ပါ။ ကျန်တာတွေကတော့မလိုပါဘူး။
တစ်ခုတော့ရှိတယ် ဖုန်းပြန်တက်လာပြီဆိုတာနဲ့ တရုတ်စာတွေ တွေ့ရမှာပါ။ တစ်ချို့ Font Change ထားတဲ့အလုံးတွေဆိုရင်တော့ လေးထောင့်တုံးတွေနဲ့ပေါ့။ ခပ်များများကတော့ တရုတ်စာတွေနဲ့ပါ။
တရုတ်ပစ္စည်းဆိုတော့ တရုတ်စာပဲပေါ့နော်။ ကျွန်တော်တို့နိုင်ငံကလည်း တရုတ်ပစ္စည်းဆိုရင် သိပ်သိပ်ကြိုက်။ ဟား..ဟား....
စာပြန်ပြောင်းတာကတော့ ဖုန်း Setting ထဲဝင်ပြောင်းတာ တော်တော်များများသိပြီးသားဖြစ်မှာပါ။
မှတ်ချက်။    ။ Recovery Mode ၀င်တာဖုန်းတစ်လုံးနဲ့တစ်လုံးမတူပါဘူး။ ၀င်လို့မရတဲ့အလုံးတွေလည်းရှိတယ်။ အထက်ကပြောခဲ့တဲ့အတိုင်းဆိုရင်တော့ Huawei ဖုန်းတွေ တော်တော်များများအဆင်ပြေပါတယ်။
(လေရှည်လိုက်ပါအုံးမယ် Huawei ဖုန်းဆိုတော့ တရုတ်ပဲပေါ့)  ဟီး...ဟီး...ဟီး....

Tuesday, December 16, 2014

မိုဘိုင်းဖုန်းတစ်လုံး၏ လျို့ဝှက်ချက် ငါးခု


မြန်မာနိုင်ငံမှာ ရှိတဲ့ လူအများစုဟာ မိုဘိုင်းဖုန်း တစ်လုံးရဲ့အသုံးဝင်မှု လျှို့ဝှက်တွေကို သိရှိသူတွေ အလွန် နည်းပါး နေပါတယ်။ ကိုင်နေတဲ့လူ အများစုဟာ ဖုန်းတစ်လုံးရဲ့ အသုံးဝင်မှုကို အများ အားဖြင့် Camera, Music, Bluetooth, FM, Radio, Alarm နဲ့ Game အစ ရှိတာတွေ လောက်သာ အသုံးပြု နေကြတာ များပါတယ်။ ဒါကြောင့် ဒီထက် ပိုပြီး အသုံးဝင်မှု နဲ့လျှို့ဝှက်ချက် အနည်းငယ်ကို ဖော်ပြပေး လိုက်ပါတယ်။



(၁) အရေးပေါ် ကွန်ယက်ရှာရန် Keypad ကို Locked လုပ်ထား ရင်တောင် မိုဘိုင်း ဖုန်းတွေဟာ ၁၂၂ ဆိုတဲ့ နံပါတ်ကို နှိပ်လို့ရတာ တွေ့ရပါတယ်။ ဒီနံပါတ်ဟာ တစ်ကမ္ဘာလုံး ဆိုင်ရာ နိုင်ငံတကာ အရေးပေါ် ဖုန်းနံပါတ် ဖြစ်ပါတယ်။ မိုဘိုင်းဖုန်းတွေရဲ့ ဆက်သွယ်မှု ဧရိယာထဲမှာ ရှိရင် ဒီနံပါတ်ကို နှိပ်လိုက်တာနဲ့ ဖုန်းဟာ အနီးဆုံး ဆက်သွယ်မှု ကွန်ရက်ကို အလိုေ
လျာက် ရှာမှာ ဖြစ်ပါတယ်။ ဒီနံပါတ်ဟာ မိုဘိုင်းဖုန်းရဲ့ ခလုတ်တွေကို ပိတ်ထားရင်တောင် နှိပ်လို့ ရနေမှာ ဖြစ်ပါတယ်။

(၂) ဘက်ထရီ အရေးပေါ် အားကုန်ရင် မိုဘိုင်းဖုန်းတွေမှာ ဖုန်းအသုံးပြုရင်း ဘက်ထရီ အားနည်းလာပြီ ဆိုရင် *3370# ကို နှိပ်လိုက်တာနဲ့ ဖုန်းတွေမှာ အရေးပေါ် သုံးဖို့ ချန်ထားတဲ့ ဓာတ်အား ကို ပြန်ဖွင့်ပေးမှာ ဖြစ်လို့ ဖုန်းမှာ ဘက်ထရီ ထက်ဝက်အား ပြန်ပြည့် လာတာကို တွေ့ရမှာ ဖြစ်ပါတယ်။

နောက်တစ်ကြိမ် မိုဘိုင်းဖုန်း ဘက်ထရီ အားပြန်ဖြည့်တဲ့ အခါမှာ သာမာန်နဲ့ အရေးပေါ်သုံး နှစ်မျိုးလုံးအတွက် ဘက်ထရီအားကို အလိုလျောက် အားပြန်ဖြည့်မှာ ဖြစ်ပါတယ်။ ဒီနည်းဟာ လူအများ စု အတွက် အသုံးဝင် စေမယ့် အချက် တစ်ချက် ဖြစ်ပါတယ်။

(၃) ကားသော့ကျန်ခဲ့ရင် အဝေးထိန်း စနစ် တပ်ဆင်ထားတဲ့ကား အသုံးပြုသူတွေ အတွက် ကားထဲမှာ သော့ကျန် ခဲ့ခြင်း၊ အပိုသော့ တစ်ချောင်း အိမ်မှာ ကျန်ရှိနေခြင်း ဖြစ်ပေါ် ကြုံလာပါက မိုဘိုင်းဖုန်း တစ်လုံးရှိရုံနဲ့ အဆင်ပြေတာကို တွေ့ရမှာပါ။

အသုံးပြုပုံ ကတော့ အိမ်မှာရှိတဲ့ လူတစ်ယောက် ဖုန်းကို မိမိမိုဘိုင်းဖုန်းနဲ့ လှမ်းခေါ်ပြီး တစ်ဖက်လူနဲ့ အဆက် အသွယ် ရရင် အိမ်ကလူကို ကားသော့ ဖွင့်တဲ့ ခလုတ်ကို ဖုန်းအနား ကပ်ပြီး နှိပ်ခိုင်းလိုက်ရုံနဲ့ ကားတံခါး ပွင့်သွားမှာ ဖြစ်ပါတယ်။ မိမိရဲ့ ဖုန်းကိုတော့ ကားနားမှာ ထားရှိရမှာ ဖြစ်ပါတယ်။ ဒီနည်းဟာ မိမိအတွက် ပင်ပန်းမှု မရှိစေဘဲ အဆင်ပြေစေမယ့် နည်းလမ်း တစ်ခု ဖြစ်ပါတယ်။

(၄) မိုဘိုင်းဖုန်း အခိုးခံရရင် မိမိရဲ့ မိုဘိုင်းဖုန်းဟာ ကျပျောက်ခြင်း၊ မေ့ကျန်ခြင်းနဲ့ အခိုးခံရခြင်း အစရှိတဲ့ အကြောင်း တစ်ခုခုကြောင့် ပျောက်ဆုံးသွားလို့ ပြန်မရ နိုင်တော့ဘူးဆိုရင် အဲဒီ ဖုန်းကတ်ကို ဖျက်ဆီးပစ်လို့ ရပါ တယ်။ ပထမဦးဆုံး အနေနဲ့ ဖုန်းရဲ့ နံပါတ်စဉ်ကို သိဖို့ *#06# ကို နှိပ်ပါ။ အဲဒီ အခါမှာ ဂဏန်း (၁၅) လုံး ပေါ်လာမှာ ဖြစ်ပါတယ်။

အဲဒီ ဂဏန်းတွေဟာ မိမိဖုန်းရဲ့သီးသန့် နံပါတ်တွေပါ။ ဒီဂဏန်းတွေကို ပထမဆုံး သိရှိထားဖို့တော့ လိုအပ်မှာပါ။ ကိုယ့်ဖုန်း ပျောက်ဆုံးသွားတဲ့ နေ့မှာ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းကို ဖုန်းဆက်ပြီး ကုတ်နံပါတ် ပြော၍ ဖုန်းပိတ် ခိုင်းနိုင် ပါတယ်။ တကယ်လို့ ခိုးသူဟာ Simcard ကို မထုတ်ရသေးခင် တိုင်တန်းမယ် ဆိုရင် Simcard ရော ဖုန်းကိုပါ Disable လုပ်နိုင်မှာ ဖြစ်လို့ မိမိဖုန်းထဲက ဖုန်းနံပါတ် စာရင်းတွေကို တခြားသူ မသိအောင် ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။

(၅) Nokia ရဲ့ ဖုန်းကုတ်နံပါတ် မိုဘိုင်းဖုန်း တွေရဲ့ ကုတ်နံပါတ်တွေဟာ တစ်ခုနဲ့ တစ်ခု တူညီမှု မရှိကြပါဘူး။ ဒါပေမယ့် Nokia ဖုန်း အသုံးပြုမယ့် သူတွေအတွက် ကုတ်နံပါတ်တွေကို ဖော်ပြ ပေး လိုက်ပါတယ်။ ကုတ်နံ ပါတ်တွေ အနေနဲ့ IMEI (International Mobile Equipment Identity) ကို ကြည့်မယ် ဆိုရင်တော့ *#06# ကို နှိပ်ပြီး ကြည့်ရှု နိုင်ပါတယ်။

LCD Display ကိုပိုပြီး ရှင်းလင်း ပြတ်သားစွာ မြင်ချင်တယ်ဆိုရင် *#67705646# ကိုနှိပ်ပြီး ကြည့်ရှုနိုင် ပါတယ်။ ဖုန်းမှာ အသုံးပြုထားတဲ့ ဟန်းဆက်ရဲ့ ဆော့်ဖ်ဝဲ Version ကို ကြည့်မယ် ဆိုရင်တော့ *#0000# ကို နှိပ်ပြီး ကြည့်နိုင်ပါတယ်။ Bluetooth device တွေရဲ့တည်နေရာကို ကြည့်ချင်တယ် ဆိုရင် *#2820# ကိုနှိပ်ပြီး ကြည့်နိုင် ပါတယ်။

ဖုန်းရဲ့ ထုတ်လုပ်တဲ့ အချိန်၊ ထုတ်လုပ်ခဲ့တဲ့ Serial Number နဲ့ ဖုန်းကို နောက်ဆုံး ဘယ်အချိန်မှာ ပြုပြင်ခဲ့တယ် ဆိုတဲ့ အကြောင်းအရာနဲ့ ဖုန်း lifetime ကို သိရှိလိုရင်တော့ *#92702689# ကို ရိုက်နှိပ် နိုင်ပါတယ်။ မှတ်သား ထားသော ဖုန်းနံပါတ်များကို ချေဖျက် ချင်ပါက *#3925538# ကို နှိပ်ပြီး ဖျက်နိုင် ပါတယ်။ Serial 60 ဖုန်းတွေ အတွက်ကတော့ *#737092 5538# ကို နှိပ်ပြီး ဖုန်းကို reset lock လုပ်နိုင်ပါတယ်။

ဒါပေမယ့် ဖုန်းပြန်တက် လာတဲ့ အချိန်မှာ defult code 12345 ကို ရိုက်ထည့်လိုက်ရင် ဖုန်းပြန်ပွင့်သွားမှာ ဖြစ်ပါတယ်။ မိုဘိုင်းဖုန်း တစ်လုံးအား ကျွမ်းကျင်စွာ ကိုင်တွယ် နိုင်ပါစေ။

From-မောက္ခ (Yoyarlay)

ATM ကဒ်ဖြင့် ငွေထုတ်ယူနည်း


ယနေ့ မြန်မာနိုင်ငံတွင် ပုဂ္ဂလိက ဘဏ်အမြောက်အများကို နိုင်ငံတော်မှ လုပ်ကိုင်ခွင့် ချထားပေး ပြီးနောက်ပိုင်း တွင်ကျယ်လာသော
ငွေကြေး ပိုင်းဆိုင်ရာ ၀န်ဆောင်မူကို သူသူ ငါငါ အပြိုင် အဆိုင်လုပ်ကိုင်လာကြရာတွင် ATM ကဒ်သည် တစ်ခုအပါအ၀င် ဖြစ်သည်။
မိမိအပါအ၀င် နှစ်ပေါင်းများစွာ အဆိုပါ ကဒ်သုံးငွေကြေးထုတ်ယူမူ စနစ်များဖြင့် အတော့်ကို အလှမ်းကွာဝေးခဲ့ရပါတယ်။ ထို့ကြောင့်
စာဖတ်သူ မိဘပြည်သူအများ ရင်းနှီးကျွမ်းဝင်စေရန်
ရည်ရွယ်ကာ ပြန်လည်ဝေမျှပေးလိုက်ပါတယ်။


(၁) ပထမဦး ဆုံး ( Welcome Screen )ကြိုဆိုပါ၏ စာသားကိုမြင်ရသော အခါတွင် ကဒ်ကိုထည့်သွင်းရန်ပြထားပါမည်။


(၂) မိမိ၏ ကဒ်တွင်ပါရှိသော မြှားပုံပါအတိုင်း ထည့်သွင်းရမည်။


(၃) အင်္ဂလိပ် / မြန်မာ နှစ်ဘာသာ အနက် ကြိုက်နှစ်သက်ရာကို ရွေးချယ်ပါ။


(၄) ဘာသာစကား ရွေးပြီးပါက ( Personal Identification Number - PIN NO )ရိုက်ထည့်ပါ။


(၅) PIN NO ရိုက်ထည့်ပြီးပါက ခေတ္တစောင့်ဆိုင်းရ ပါမည်။

ထို့နောက် မိမိလုပ်ဆောင်လိုသော လုပ်ငန်းကို ရွေးချယ်ပေး ရပါမည်။
(က) ငွေထုတ်ယူလိုပါက ( ငွေထုတ်ယူမည်) ကိုရွေးချယ်ပေးပါ။

(ခ) ငွေလက်ကျန်သိလိုပါက ( ငွေလက်ကျန်ကြည့်ရူမည် ) ကိုရွေးပေးပါ။

(ဂ) ငွေလွှဲပြောင်း မည်ဆိုပါက ( ငွေလွှဲပြောင်းမည် ) ကိုရွေးပေးရမည်။

(ဃ) မိမိကဒ်၏ PIN NO ပြောင်းလိုပါက ( PIN နံပါတ် ပြောင်းမည် ) ကိုရွေးပေးရမည်။

(င) မိမိကဒ်၏ အကြောင်းအချက်အလက်ကို သိလိုပါက ( Mini Statement ) ကိုရွေးလိုက်ပါ။


(၆) ငွေထုတ်ယူ မည်ကိုရွေးချယ် ခဲ့သည်ဖြစ်ပါက ဘဏ်မှ သတ်မှတ်ထားသော ငွေပမာဏ ဥပမာ။ ။ ၅၀၀၀ ၊ ၁၀၀၀၀၊ ၃၀၀၀၀... စသည့်ဖြင့် ရွေးလိုက်နိုင်သလိုမိမိ စိတ်ကြိုက်ရွေးချယ်လိုပါက ( အခြား)
ဟူသော စာသားကို ရွေးပြီး မိမိထုတ်ယူလိုသော ပမာဏကို ရိုက်ထည့်နိုင်
ပါသည်။

(၇) မိမိထုတ်ယူလိုသော ငွေသားပမာဏကို ရွေးပြီးပါက ခေတ္တစောင့်ဆိုင်း ရမှာဖြစ်ကာ များမကြာမှိ သင့်ငွေသားများ စက်အတွင်းမှ ထုတ်ပေးပါ လိမ့်မယ်။

(၈) ငွေသားလက်ခံ ပြေစာကို ရယူလိုပါက ( သဘောတူပါသည်) ကိုရွေးပေး လိုက်ခြင်းဖြင့် စလစ်ကလေးတစ်ခု ထုတ်ပေးပါလိမ့်မည်။

(၉) အခြား သောဝန်ဆောင်မူများကိုဆက်လက် လုပ်ဆောင်ခြင်း မပြုလုပ်လို တော့ပါက (မပြုလုပ်ပါ) ကိုရွေးချယ် လိုက်ပါ။ ထို့နောက် သင့်၏ ATM ကဒ်ထွက်လာ ပါလိမ့်မည်။

သတိပြုရန်အချက်။ ။ ( မိမိကဒ် အားသတ်မှတ်ထားသော (၁) မိနစ် အတွင်း မထုတ်ယူမိပါက စက်မှ အလိုအလျေက် ကဒ်ကို သိမ်းယူသွားမှာ ဖြစ်တဲ့ အတွက် သတိပြုစေခြင်ပါသည်။ )

အထက်ပါ လုပ်ဆောင်မူများသည် CB Bank ATM ကဒ် စနစ်သုံးပြုခဲ့ခြင်း ဖြစ်ကာ အခြားသော ဘဏ်များ၏ လုပ်ဆောင်မူများမှာလည်း အလားတူ ဖြစ်ကာ ထင်သာမြင်သာလောက်အောင် ခြားနားမူ သိပ်မရှိကြာင်း သတင်းပေးလိုက်ပါတယ်။

Hau Sian Siam (MM Social Sky )

Monday, December 15, 2014

Wifi Password ဟက်ချင်သူတွေအတွက် WIBR+ WIfi BRuteforce Hack APK

ပတ်ဝန်းကျင်မှာ wifi ရှိတဲ့ဘော်ဒါတွေအတွက်ဆောင်ထားသင့်တဲ့ Apk တစ်ခုလေးဖြစ်ပါတယ်။တစ်ခုတော့ရှိတယ် wifi ဟက်ဖို့ဆိုတာလွယ်ကူတဲ့ကိစ္စတော့မဟုတ်ဘူးနော်
Android OS 4.0 နဲ့အထက်မှာအသုံးပြုနိုင်မှာဖြစ်ပါတယ်။ ကဲ ဒီမှာ ဒေါင်းလိုက်နော်...

Root Apk

ဖုန်းနဲ့ Root ဖောက်ချင်သူတွေအတွက် Root Apk လေးတွေပါ
ဖုန်းအလုံးတိုင်းတော့အဆင်မပြေပါဘူး။အဆင်ပြေတဲ့အလုံးတွေလည်းရှိပါတယ်
လိုအပ်သူများ ဒီမှာ နှိပ်ပြီးဒေါင်းယူနိုင်ပါတယ်။

Tuesday, December 9, 2014

`ယာကွန်´ ဆေးလက်ဖက်ခြောက်

 
ယာကွန် ဆေးလက်ဖက်ခြောက်သောက်ခြင်း၏ အကျိုးကျေးဇူးများ
  ယာကွန် လက်ဖက်ရွက်တွင် (Na-10.7mg) (K-4.970mg) (Ca-905mg) (P-416mg) (Fe-24.5mg) (Protein-2.9g) (Fiber-18.3g) ဓါတ်များပါဝင်၍ မူလသဘာဝအနံ့အရသာများကို မပျောက်ပျက်အောင် ဂျပန်နည်းပညာဖြင့် ပြုလုပ်ထားခြင်း| ဓါတုပစ္စည်းလုံးဝ မပါဝင်ခြင်းကြောင့် ရေနွေးကြမ်းသောက်သုံးသူများအတွက် အသင့်တော်ဆုံးနှင့် အကောင်းဆုံးဆေးလက်ဖက်ခြောက်ဖြစ်ပါသည်။
  ခန္ဓာကိုယ်အတွင်းနှင့် သွေးကြောများအတွင်းရှိ မလိုအပ်သော ကိုလက်စထရောများကို ကျဆင်းစေခြင်း| သွေးတိုး ဆီးချိုရောဂါနှင့် သွေးထဲ၌ မလိုအပ်သော အဆီများ ကျဆင်းစေသည့်အပြင် ဝမ်းချုပ်ခြင်းကိုပါသက်သာစေခြင်း စသည့်အကျိုးကျေးဇူးများကြောင့် ရေနွေးကြမ်းသောက်သုံးသူများအတွက် စေတနာမေတ္တာရှေ့ထား၍ ထုတ်လုပ်ဖြန့်ချီလိုက်ရပါသည်။
  ယာကွန် ဆေးလက်ဖက်ခြောက်နှင့် ရိုးရိုးသာမန်လက်ဖက်ခြောက်၏ခြားနားချက်မှာ ယာကွန် ဆေးလက်ဖက်တွင်ပါဝင်သော အကျိုးအာနိသင်များသည် ရိုးရိုးသာမန်လက်ဖက်ခြောက်ထက် အမြောက်အများပါဝင်ခြင်းပင်ဖြစ်သည်။

အသုံးပြုနည်း
  ယာကွန် ဆေးလက်ဖက်ခြောက် ထည့်ထားသော ဘူး(သို့)အိတ်ကိုလေလုံစွာပိတ်၍ ခြောက်သွေ့သောနေရာတွင် ထားရမည်။
  ထုံးဓါတ်များသောရေဖြင့် အသုံးပြုပါကမူလအနံ့အရသာများ ပြောင်လဲသွားတတ်သည်။ အကျိုးအာနိသင်များမှာ မပြောင်းလဲပါ။
  ရေနွေးဓါတ်ဘူးထဲသို့ ယာကွန်
ဆေးလက်ဖက်ခြောက် အနည်းငယ်ထည့်၍ ရေနွေးဖြူလောင်းထည့်ပြီး ချက်ခြင်းသောက်သုံးနိုင်ပါသည်။
  ရေနွေးဖြူကို နောက်ထပ်(၂)ကြိမ် (၃)ထိ ထပ်လောင်းသောက်သုံးနိုင်ပါသည်။ လူကြီးတစ်နေ့ (၃)ကြိမ် ကလေး(၂)ကြိမ်။
မှတ်ချက်။       ။ယာကွန် ဆေးလက်ဖက်ခြောက် သောက်သုံးခြင်း၏ အကျိုးကျေးဇူးများကို ဂျပန်သုတေတန ပညာရှင်များရှာဖွေတွေရှိ၍ မှတ်တမ်းတင်ချက်များအတိုင်း ဘာသာပြန်ပေးထားပါသည်။

ဆက်သွယ်ရန်ရရှိနိုင်သောနေရာ
ပင်ရင်း(မူလပထမ)
  ဦးကျော်သင်း + ဒေါ်ဝင်းသိန်း
                 ရတနာထွန်း
ယာကွန်ဆေးလက်ဖက်ခြောက်နှင့် ယာကွန်ဥ
အိမ်အမှတ်(၁/၁၅၈)| နှင်းဆီလမ်းနှင့်သဇင်လမ်းထောင့်| အမှတ်(၁)ရပ်ကွက်| နောင်တရားမြို့| ရှမ်းပြည်တောင်ပိုင်း။
တိုင်းရင်းဆေးဝါးမှတ်ပုံတင်အမှတ်| TMP-011830 (1215)
ထုတ်လုပ်ခွင့်လိုင်စင်အမှတ် - တဆထလ(၂၅၂၉)
ဖုန်း - ၀၉၇၃၈၃၀၃၆၂|  ၀၉၂၅၁၁၅၁၉၅၈။
           




Thursday, December 4, 2014

Android Apk ကို လွယ်လွယ်နဲ့ဖန်တီးမယ်

လွယ်ပါတယ် အရမ်းကိုလွယ်ပါတယ် အဆင့်နှစ်ဆင့်ထဲနဲ့  Apk file လေးတွေကို Online ပေါ်မှာ မိနစ်ပိုင်းအတွင်းဖန်တီးနိုင်မှာပါ
ဖန်တီးရမယ့်Apk ဖိုင်လေးရဲ့ အကြောင်းကတော့ အင်တာနက်ပေါ်မှာ မိမိ သဘောကျတဲ့ ဆိုဒ်ကလေးတွေကို ဖုန်းထဲမှာ ဖုန်းစခရင် နဲ့ Fix အဖြစ် ဖတ်ရှူ့လို့ရအောင်  ကိုယ်တိုင်လုပ်ကြည့်မှာပါ ။
ပထမဆုံးဒီမှာကလစ်နှိပ်ပြီး မိမိဖန်တီးလိုတဲ့ဝက်ဆိုဒ်ဆီကိုသွားပါ http://www.appsgeyser.com/
ဆိုဒ်ထဲရောက်ပြီဆိုရင် အဲဒီမှာ Create App Nowဆိုတာလေးကိုနှိပ်လိုက်ပါ
u
ပြီးရင်အောက်ကပုံမှာဝိုင်းပြထားတဲ့အတိုင်း WEBSITE ဆိုတဲ့စာလေးကိုနှိပ်လိုက်ပါ
အဲဒီမှာ ပုံမှာ ပြထားတဲ့အတိုင်း 

( 1 ) မှာ သင့်ရဲ့ ဆိုက်လင့်ကို ထည့်ပါ

( 2 )  သင့် Apk ကို ဖုန်းမှာအင်စတောလုပ်လိုက်တဲ့အခါမှာ iCon နာမည်လေးကို သင်ကြိုက်နှစ်သက်ရာထားပါ ။

Description ဆိုတဲ့အကွက်မှာ ဖြည့်ရန်မလိုပါ ။

( 3 ) သင့် Apk ကို ဖုန်းမှာအင်စတောလုပ်လိုက်တဲ့အခါမှာ iCon ပုံလေးကို သင်ကြိုက်နှစ်သက်ရာထားဖို့ရန် Custom iCon ကိုရွေးပြီး UPLOAD ဆိုတဲ့စာလေးကိုနှိပ်လိုက်ပါ သင့် မှာရှိတဲ့ပုံနဲ့ Icon ထားလို့ရပါတယ်

( 4 )  Auto စာလေးကို ရွေးထားပေးပါ ။
ပြီးပြီဆိုရင် CREATE APP  ဆိုတဲ့ ဝိုင်းထားတဲ့စာကိုနှိပ်လိုက်ပါ 
အပေါ်ကအဆင့်တွေလုပ်ပြီးတဲ့အခါမှာ
အောက်ကပုံအတိုင်း သူ့ဆိုဒ်မှာ Member ဝင်ဖို့ရန်အတွက် Register လုပ်ရပ်ပါမယ်
လိုအပ်တာလေးတွေဖြည့်ပြီးရင် I agree with ဆိုတာလေးကို အမှန်ခြစ်လေးထည့်ပေးပြီး SIGN UP လုပ်လိုက်ပါ။
ပြီးရင် မိမိလုပ်ထားတဲ့ apk လေးကို  ဒေါင်းပြီး အသုံးပြုလို့ရပါပြီ...