အောင်မြင်မှုအတွက် အကောင်းဆုံးကိုမျှော်လင့်ထားကြသလို အဆိုးဆုံးကိုလည်း ရင်ဆိုင်နိုင်စွမ်းရှိရပါမယ်။
Tuesday, December 23, 2014
Android ဖုန်းများ Pattern/Pin/Password မေ့သွားရင်
အခုကျွန်တော်ပြောမယ့်နည်းက Computer မလိုတဲ့နည်းလေ။ ဒီအတိုင်းဆိုရင်တော့ User Data တွေပျက်မှာနော်။ အရေးကြီးတဲ့ User Data တွေရှိရင်တော့ ဆိုင်မှာသွားလုပ်ပေါ့။
အဲဒီမှာ ဆိုင်က ကျပ်ကျပ်တွေ အများကြီးတောင်းလာလိမ့်မယ်။ အဲကျရင်တော့ ကိုယ့်အိပ်ကပ်ထဲက ရှိသမျှ ကျပ်ကျပ်တွေ အကုန်လုံးပေးလိုက်ပေါ့။ စတာနော် ဟီး...ဟီး....
ကျွန်တော်လည်းဖုန်းပြင်နေတဲ့သူတစ်ယောက်ပဲ။ သွားစရာမလိုပါဘူး။ User Data တွေက အချိန်မရွေးပြန်ထည့်လို့ရတာပဲ။ ပြောရင်းနဲ့လေရှည်သွားပြီ။ ကဲ...စမယ်...စမယ်....
ပထဦးဆုံး မိမိတို့ရဲ့ဖုန်းကိုပါဝါပိတ်ပြီးဘက်ထရီဖြုတ်ထားလိုက်ပါ။ (၅) စက္ကန့်လောက်ပြည့်တာနဲ့ ဘက်ထရီပြန်တပ်ပြီး Volume(+) နဲ့ Power ခလုတ်ကိုပြိုင်တူနှိပ်ထားလိုက်ပါ...
Recovery Mode ထဲဝင်သွားပါလိုက်မယ်။ အဲဒီမှာ Volume ခလုတ်နဲ့ Wipe data / factory reset ကိုရွေးပြီး Power ခလုတ်နဲ့ဝင်လိုက်ပါ Yes -- delete all user ကိုတွေ့ပါလိုက်မယ်...
ရွေးလိုက်ပါ သူ့ဘာသာသူ အလုပ်လုပ်ပါလိမ့်မယ်။ ပြီးသွားရင်တော့ Reboot system now ကိုရွေးလိုက်ပါ။ ကျန်တာတွေကတော့မလိုပါဘူး။
တစ်ခုတော့ရှိတယ် ဖုန်းပြန်တက်လာပြီဆိုတာနဲ့ တရုတ်စာတွေ တွေ့ရမှာပါ။ တစ်ချို့ Font Change ထားတဲ့အလုံးတွေဆိုရင်တော့ လေးထောင့်တုံးတွေနဲ့ပေါ့။ ခပ်များများကတော့ တရုတ်စာတွေနဲ့ပါ။
တရုတ်ပစ္စည်းဆိုတော့ တရုတ်စာပဲပေါ့နော်။ ကျွန်တော်တို့နိုင်ငံကလည်း တရုတ်ပစ္စည်းဆိုရင် သိပ်သိပ်ကြိုက်။ ဟား..ဟား....
စာပြန်ပြောင်းတာကတော့ ဖုန်း Setting ထဲဝင်ပြောင်းတာ တော်တော်များများသိပြီးသားဖြစ်မှာပါ။
မှတ်ချက်။ ။ Recovery Mode ၀င်တာဖုန်းတစ်လုံးနဲ့တစ်လုံးမတူပါဘူး။ ၀င်လို့မရတဲ့အလုံးတွေလည်းရှိတယ်။ အထက်ကပြောခဲ့တဲ့အတိုင်းဆိုရင်တော့ Huawei ဖုန်းတွေ တော်တော်များများအဆင်ပြေပါတယ်။
(လေရှည်လိုက်ပါအုံးမယ် Huawei ဖုန်းဆိုတော့ တရုတ်ပဲပေါ့) ဟီး...ဟီး...ဟီး....
Labels:
နည်းပညာ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment