ဖန်တီးရမယ့်Apk ဖိုင်လေးရဲ့ အကြောင်းကတော့ အင်တာနက်ပေါ်မှာ မိမိ သဘောကျတဲ့ ဆိုဒ်ကလေးတွေကို ဖုန်းထဲမှာ ဖုန်းစခရင် နဲ့ Fix အဖြစ် ဖတ်ရှူ့လို့ရအောင် ကိုယ်တိုင်လုပ်ကြည့်မှာပါ ။
ပထမဆုံးဒီမှာကလစ်နှိပ်ပြီး မိမိဖန်တီးလိုတဲ့ဝက်ဆိုဒ်ဆီကိုသွားပါ http://www.appsgeyser.com/
ဆိုဒ်ထဲရောက်ပြီဆိုရင် အဲဒီမှာ Create App Nowဆိုတာလေးကိုနှိပ်လိုက်ပါ
ပြီးရင်အောက်ကပုံမှာဝိုင်းပြထားတဲ့အတိုင်း WEBSITE ဆိုတဲ့စာလေးကိုနှိပ်လိုက်ပါ
အဲဒီမှာ ပုံမှာ ပြထားတဲ့အတိုင်း
( 1 ) မှာ သင့်ရဲ့ ဆိုက်လင့်ကို ထည့်ပါ
( 2 ) သင့် Apk ကို ဖုန်းမှာအင်စတောလုပ်လိုက်တဲ့အခါမှာ iCon နာမည်လေးကို သင်ကြိုက်နှစ်သက်ရာထားပါ ။
Description ဆိုတဲ့အကွက်မှာ ဖြည့်ရန်မလိုပါ ။
( 3 ) သင့် Apk ကို ဖုန်းမှာအင်စတောလုပ်လိုက်တဲ့အခါမှာ iCon ပုံလေးကို သင်ကြိုက်နှစ်သက်ရာထားဖို့ရန် Custom iCon ကိုရွေးပြီး UPLOAD ဆိုတဲ့စာလေးကိုနှိပ်လိုက်ပါ သင့် မှာရှိတဲ့ပုံနဲ့ Icon ထားလို့ရပါတယ်
( 4 ) Auto စာလေးကို ရွေးထားပေးပါ ။
ပြီးပြီဆိုရင် CREATE APP ဆိုတဲ့ ဝိုင်းထားတဲ့စာကိုနှိပ်လိုက်ပါ
အပေါ်ကအဆင့်တွေလုပ်ပြီးတဲ့အခါမှာ
အောက်ကပုံအတိုင်း သူ့ဆိုဒ်မှာ Member ဝင်ဖို့ရန်အတွက် Register လုပ်ရပ်ပါမယ်
လိုအပ်တာလေးတွေဖြည့်ပြီးရင် I agree with ဆိုတာလေးကို အမှန်ခြစ်လေးထည့်ပေးပြီး SIGN UP လုပ်လိုက်ပါ။
ပြီးရင် မိမိလုပ်ထားတဲ့ apk လေးကို ဒေါင်းပြီး အသုံးပြုလို့ရပါပြီ...
Thank You Bro!
ReplyDeleteအသစ်အဆန်းတွေရှိရင် တင်ပေးဦးနော်...